ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
Updated: Jun 25, 2021

ကြွေပြားအချပ်ရေတွက်နည်းဟာ ကိုယ်တိုင်တွက်တတ်သူများအတွက် လွယ်ကူပေမယ့် မတွက်သူများအတွက်တော့ အခက်အခဲ ရှိပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ရဲ့ အိမ် မှာ ကိုယ်တိုင် ကြွေပြား၀ယ်ပြီး ကိုယ်တိုင်ကပ်လို သူများအတွက် လိုအပ်တဲ့ကြွေပြားအချပ်ရေကို ကိုယ်တိုင်စိတ်တိုင်းကျ ၀ယ်ယူလို့ ရအောင် ကြွေပြားအချပ်ရေတွက်နည်းလေးကို ကျွန်တော်တို့ A to Z မှ ပြောပြပေးသွားမှာဖြစ်ပါတယ်။
အခုကြွေပြားတွက်နည်းလေးက အလွန် လွယ်ကူပြီးရိုးရှင်းပါတယ်။
တွက်နည်း Formula လေးကတော့ ....
၁၄၄၀၀÷ ကြွေပြားဧရိယာ(အလျား×အနံ) = လိုအပ်သောကြွေပြားအချပ်အရေအတွက်
ဥပမာ ပေးရမယ် ဆိုရင်
၈×၁၂ အရွယ်အစားကြွေပြား ဆိုပါစို့ ၈ နဲ့ ၁၂ မြှောက်မယ် ဆိုရင် ၉၆ ရပါတယ်
၁၄၄၀၀ ÷ ၉၆ ( ၈×၁၂ ) = ၁၅၀
၁၅၀ ချပ် လိုအပ်ပါတယ်။
အလွန်လွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလေး ဖြစ်တာကြောင့် A to Z ရဲ့ မိတ်ဆွေများ အားလုံး လွယ်လွယ်ကူကူ တွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
09-796456578
Website : www.atozmm.net
Email : kaunghtetpainghtoo@atoz.com.mm
အိမ်တိုင်းအတွက် A to Z
construction materials store