အိမ်မပြောင်းသင့်သည့်အသက်အရွယ်များ
Updated: May 27, 2021
အိမ်ပြောင်း အိမ်ရွှေ့ ဆိုတာကတော့ လူတိုင်း တွေ့ကြုံရမယ့် အရာတစ်ခုပါပဲ။
အိမ်ပြောင်းအိမ်ရွေ့ပြုလုပ်တော့မယ်ဆိုရင် လိုအပ်တဲ့ စောင့်စည်းသင့်သည့် အရာများ ၊ ရှောင်ကျဉ်သင့်သည့်အရာများကို ရှေးလူကြီးများက ဟောပြောဆုံးမခဲ့တာ အများအပြားရှိပါတယ်။
"ရှေးထုံးကိုလည်းမပယ်နဲ့ ၊ ဈေးသုံးကိုလည်း မကြွယ်နဲ့" ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်း ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင် လက်ထက် က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ များကို မူတည်ကာ ဟောပြောဆုံးမခဲ့ကြတာဖြစ်လို့ မပယ်ကောင်းပါဘူး။
ဒါကြောင့် ရှေးလူကြီးသူမတို့ဟောပြော ဆုံးမခဲ့သည့် နေ့နံအလိုက် အိမ်မပြောင်းသင့်သည့်အသက်အရွယ်များကို ဖော်ပြပေးသွားမှာဖြစိပါတယ်။
အိမ်မပြောင်းသင့်သည့် အသက်အရွယ်များ
တနင်္ဂနွေသားသမီးများကတော့
အသက် – ၉နှစ်၊ ၁၇နှစ်၊ ၃၃နှစ်၊ ၄၂နှစ်၊ ၅၈နှစ်၊ ၆၅နှစ်၊ ၈၂နှစ်။
တနင်္လာသားသမီးများကတော့
အသက်- ၈နှစ်၊ ၁၆နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၆၄နှစ်၊ ၆၅နှစ်၊ ၈၀နှစ်၊ ၈၁နှစ်။
အင်္ဂါသားသမီးများကတော့
အသက်- ၇နှစ်၊ ၁၅နှစ်၊ ၂၃နှစ်၊ ၃၉နှစ်၊ ၄၇နှစ်၊ ၅၅နှစ်၊ ၅၆နှစ်၊ ၇၁နှစ်။
ဗုဒ္ဓဟူးသားသမီးများ အနေနဲ့
အသက်- ၆နှစ်၊ ၂၂နှစ်၊ ၃၀နှစ်၊ ၃၈နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၆၂နှစ်၊ ၇၀နှစ်၊၈၆နှစ်။
ကြာသပတေးသားသမီးများကတော့
အသက်- ၄နှစ်၊ ၁၃နှစ်၊ ၂၁နှစ်၊ ၃၇နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၁နှစ်၊၈၅နှစ်။
သောကြာသားသမီးများ အတွက်ကတော့
အသက်- ၂နှစ်၊ ၁၈နှစ်၊ ၂၆နှစ်၊ ၃၄နှစ်၊ ၅၀နှစ်၊ ၆၆နှစ်၊ ၇၄နှစ်၊၈၂နှစ်။
စနေသားသမီးများ ကတော့
အသက်- ၅နှစ်၊ ၁၃နှစ်၊ ၂၉နှစ်၊ ၄၅နှစ်၊ ၆၁နှစ်၊ ၆၉နှစ်၊ ၇၀နှစ်၊ ၇၇နှစ်၊ ၈၅နှစ်။
ရှေးလူကြီးသူမများ တွက်ချက်ဆုံးမခဲ့တဲ့ အိမ်မပြောင်းသင့်တဲ့ အသက်အရွယ်များကို ရှောင်ကျဉ်ပြီး သာယာလှပတဲ့အိမ်လေး တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။
အခုလို ဗဟုသုတရရှိစေမယ့် အကြောင်းအရာများကို နောက်ထပ် အများကြီးရှာဖွေ တင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ Page လေးကို Like and Share ပြုလုပ်သွားပေးပါခင်ဗျာ။
#A to Z
