The economics of street vendors
Updated: May 27, 2021
လူတိုင်းလူတိုင်း က တော့ ကိုယ့်ရဲ့နေထိုင်ရာ ၊ အလုပ်လုပ်နေရာနေရာတွေကို အဆင့်မြင့်သထက် မြင့်အောင် ၊ လှသထက်လှအောင် ပြုပြင်မွမ်းမံချင်ကြမှာပါ။
အဆောက်အအုံ တစ်လုံးကို ပြုပြင်မွမ်းမံ ဖို့ဆိုရင် အလိုအပ်ဆုံးတွေထဲက တစ်ခုကတော့ အဆောက်အအုံပြင်ဆင်ခွင့် လျှောက်ထားဖို့ဖြစ်ပါတယ်။
ဒါမှသာ စိတ်ချလက်ချ ဥပဒေနဲ့ အညီ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆောက်အအုံ ပြင်ဆင်ခွင့် လျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အဆောက်အအုံ ပြုပြင်ခွင့်တင်မယ်ဆိုရင် ဘာတွေလိုအပ်လဲ ဆိုတော့..........
(၁)ဌာနမှ သတ်မှတ်လျှောက်လွှာ
(၂)သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်း
(၃)မြေပိုင်ဆိုင်မှုအထောက်အထား မှတ်ပုံတင်စာချုပ်/ကိုယ်စားလှယ်လွှဲစာမိတ္တူ
(၄)လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ
(၅)နေထိုင်ပိုင်ဆိုင်ကြောင်းနှင့်အိမ်ရှင်/အိမ်ငှားပြဿနာမရှိကြောင်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အိမ်ရှင်ကိုယ်တိုင်ဝန်ခံကတိပြုချက်
(၆)ပြင်ဆင်မည့်အဆောက်အအုံ၏ ဓါတ်ပုံရှေ့(၁)ပုံ၊ ဘေး(၁)ပုံ
(၇)ပြင်ဆင်လိုသည့်အဆောက်အအုံ၏ မပြုပြင်မီ ပုံစံ(Drawing)နှင့် ပြုပြင်ပြီးနောက်ပုံစံ(Drawing)(၃)စုံ
(၈)အဆောက်အအုံအကြီးစားပြင်ဆင်ခြင်းအတွက် လိုင်စင်ရအင်ဂျင်နီယာလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံ စသည်တို့ လိုအပ်ပါတယ်။
အခုလို ဗဟုသုတရရှိစေမယ့် အကြောင်းအရာများကို နောက်ထပ် အများကြီးရှာဖွေ တင်ဆက်ပေးသွားမှာ ဖြစ်လို့ ကျွန်တော်တို့ Page လေးကို Like and Share ပြုလုပ်သွားပေးပါခင်ဗျာ။
#A to Z
